Monday, August 4, 2014

ဈေးနှုန်း ပိုမိုရောင်းချသည့် ဖုန်းဆိုင်များအား ဆင်းမ်ကတ်ဖြန့်ဖြူးပေး တော့မည် မဟုတ်ဟု Ooredoo ဆို

ရန်ကုန်၊သြဂုတ်-၅။
Ooredoo မှ ရောင်းချသည့် ဆင်းမ်ကတ်များကို (၁၅၀၀) ကျပ်ထက် ဈေးပိုရောင်းချပါက ရောင်းချသည့် ဖုန်းဆိုင်အား ဆင်းမ်ကတ် ဖြန့်ဖြူးပေးတော့မည် မဟုတ်ကြောင်း Ooredoo Myanmar မှ သိရသည်။
လက်ရှိ မိုဘိုင်းဖုန်း ဈေးကွက်တွင် Ooredoo ဆင်းမ်ကတ်များအား ကျပ် (၃၀၀၀) မှ (၅၀၀၀) အထိ ရောင်းချနေသည့် ဆိုင်များရှိ နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ တရားဝင် (၁၅၀၀) ကျပ်နဲ့ ရောင်းချတာပါ။ ဒါကို ဈေးတင်ရောင်းရင် ရောင်းတဲ့ ဆိုင်ကို တိုင်တန်းလို့ရ ပါတယ်။ Ooredoo ဆင်းမ်ကတ်တွေ ဈေးနှုန်း မမြှင့်ဖို့အတွက် အကောင်းဆုံးပုံစံနဲ့ ထိန်းချုပ်သွားမှာပါ ဟု Ooredoo Myanmar ၏ CEO Mr.Ross Cormack ကပြောသည်။ လက်ရှိတွင် Ooredoo ဆင်းမ်ကတ်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် စတင် စမ်းသပ်အသုံးပြုနေပြီး၊ သြဂုတ်လ (၁၄) ရက်နေ့မှသာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တရားဝင်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ စမ်းသပ် အသုံးပြုရာတွင် သြဂုတ်လ (၂) ရက်မှ (၁၄) ရက်နေ့ထိ မိနစ် (၉၀၀) အခမဲ့ ခေါ်ဆိုနိုင်ခြင်း၊ နေ့စဉ်အင်တာနက် 20 MB အခမဲ့ သုံးစွဲခွင့်၊ Facebook အခမဲ့ သုံးစွဲခွင့်တို့ ၀န်ဆောင်မှုပေးထားကြောင်း သိရသည်။ ဘာအထောက်အထားမှ ပြစရာမလိုပါဘူး။ ဒါပေမဲ့ သုံးထောင်တော့ ပေးရတယ်။ ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်လေ။ တချို့နေရာတွေမှာဆို တန်းစီနေရတာတို့ ဟိုကတ်ရှိမှ ဒီကတ်ရှိမှ ဆင်းမ်ကတ်ဝယ်လို့ ရမှာလေ။ အခု ဈေးတော့ ပိုပေးရတယ်။ ဒါပေမဲ့ အရမ်းသက်သာတယ် ဟု သုဝဏ္ဏမြို့ (၂၄) ရပ်ကွက်တွင်နေထိုင်သူ ကိုဖိုးသားက ဆိုသည်။

No comments :

Post a Comment