ဖေ့ဘုတ်လူမှုကွန်ယက်တွင် တွေ့ သိ ဖတ်ရှုရသည်တို့ မှ မြန်မာ့လူအဖွဲ့ အစည်း ဖွံ့ ဖြိုးရေးကို ထောက်ကူပေးနိုင်သည့် အကြောင်းအရာများကို စုစည်းတင်ပြသည်။
အာရှတိုက်သည် ကမ္ဘာပေါ်ရှိ တိုက်ကြီးများတွင် အကြီးဆုံး (ဧရိယာစတုရန်းမိုင် ၁၇,၁၃၉,၀၀၀ ခန့် - စတုရန်းကီလိုမီတာ ၄၄,၃၉၀,၀၀၀ ခန့်) နှင့် လူဦးရေ အထူထပ်ဆုံး (သန်းပေါင်း ၃၃၀၀ ခန့်)ဖြစ်ပါသည်။
အာရှတိုက်သည် ကမ္ဘာ့မျက်နှာပြင်၏ ၈.၇ ရာခိုင်နှုန်း သို့မဟုတ် ကမ္ဘာ့ကုန်းမြေ ဧရိယာ၏ ၂၉.၇ ရာခိုင်နှုန်းကို လွှမ်းခြုံထားပါသည်။
ကမ္ဘာ့ လူဦးရေ စုစုပေါင်း၏ ငါးပုံသုံးပုံခန့် (၆၀% ခန့် ) သည် အာရှတိုက်တွင် မှီတင်းနေထိုင်ကြသည်။

အာရှတိုက်ကို အာဖရိကယူရေးရှား၏ ကုန်းမြေအစိတ်အပိုင်းဟု
ခေါ်ဆိုလေ့ရှိကြပြီး စူးအက်တူးမြောင်း၏ အရှေ့ဘက်၊ ယူရယ်တောင်တန်းများ၏
အရှေ့ဘက်၊ ကော့ကေးဆပ်တောင်တန်း၊ ကက်စပီယန်ပင်လယ်နှင့် ပင်လယ်နက်တို့၏
အရှေ့တောင်ဘက်တွင် တည်ရှိ ပါသည်။
အာရှတိုက်သည် ကမ္ဘာ့မျက်နှာပြင်၏ ၈.၇ ရာခိုင်နှုန်း သို့မဟုတ် ကမ္ဘာ့ကုန်းမြေ ဧရိယာ၏
၂၉.၇ ရာခိုင်နှုန်းကို လွှမ်းခြုံထား ပါသည်။
အာရှတိုက်တွင် ကမ္ဘာ့ လူဦးရေ၏ ၆၀ ရာခိုင်နှုန်း နေထိုင်ကြပါသည်။
အာရှတိုက်တွင် ကမ္ဘာ့ အမြင့်ဆုံးနှင့်အနိမ့်ဆုံးအမှတ်တို့ရှိနေပါသည်။
နီပေါနိုင်ငံမှ ကမ္ဘာ့ အမြင့်ဆုံး ဧ၀ရတ်တောင်ထွတ် (ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၀၃၅/ မီတာ ၈၈၅၀) နှင့် ဂျော်ဒန်နိုင်ငံမှ ကမ္ဘာ့ အနိမ့်ဆုံး ပင်လယ်သေ (ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၁၃၁၂/ မီတာ ၄၀၀) တို ရှိပါသည်။
အာရှတိုက်တွင် ကမ္ဘာ့ အရှည်ဆုံး စာရင်းဝင် မြစ်များရှိပါသည်။ထိုမြစ်များမှာ ဆိုက်ဘေးရီးယားမှ အော့(ဘ်)အားတိ(ရှ်)၊ ယန်နီဆဲ-အာဂါနာ နှင့် လီနာ၊ အရှေ့နှင့် ရှေ့တောင်အာရှမှ အမ်မော်-အာဂန်၊ ဟွမ်ဟီး၊ ကျန်ဇီ၊ မဲခေါင်၊ သံလွင်နှင့် ဧရာဝတီ၊ တောင်နှင့် အနောက်တောင်အာရှမှ ဂန်းဂျပ်(စ်)-ဗြဟ္မာပူထရာ၊ အင်ဒူး(စ်) နှင့် တိဂရစ်-ယူဖရေးတီး(စ်)၊ အာရှအလယ်ပိုင်းမှ အမူဒါယာ၊ ဆီးဒါယာ၊ အီလီနှင့် တာရင်းတို့ဖြစ်ကြပါသည်။
အာရှတိုက်တွင်ကမ္ဘာ့  အကြီးဆုံးတောင်တန်းများ ဖြစ်ကြသော ဟိမ၀န္တာ၊ ခါရာကိုရမ်၊ ခွန်လွန်၊ သီယမ်ရှန်း နှင့် ဟိန္ဒူကွတ်(ရှ်) တို့ ရှိပါသည်။
အာရှတိုက်သည် ကမ္ဘာ့ ရှေးအကျဆုံး လူနေမှူစံနစ်များ ယဉ်ကျေးမှူများ ထွန်းကားခဲ့သော အရပ်အဖြစ်ကျော်ကြားပြီးဆူမာ၊ ဘေဘီလုံ၊ အက်စ်ဆီးရီးယား၊ မီဒီယာနှင့် ပါရှား အစရှိသည့် အလွန်ရှေးကျသော လူနေမှူစံနစ်များ၊ ယဉ်ကျေးမှူများ ထွန်းကားခဲ့ရာ အင်ပါယာများအဖြစ်လဲတွေ့ရှိနိုင်ပါသည်။
OMO

No comments :
Post a Comment