Monday, August 4, 2014

လေဆင်နှာမောင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သော ပြည်သူ ၁၅ဝကျော်၏နေအိမ်များကို ပြန်လည်တည်ဆောက်ပေး


မင်္ဂလာဒုံမြို့နယ်၊ပလရပိုင်ဘောဂရပ်ကွက်တွင်အင်အားပြင်း လေဆင်နှာမောင်း
 ကြောင့်အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့သော လေဘေးသင့်ပြည်သူ ၁၅ဝကျော် ၏နေအိမ်များကို ပြန်လည်တည် ဆောက်ပေးနေကြောင်း ပလရပိုင် ဘောရပ်ကွက် ဒုအုပ်ချုပ်ရေးမှူး ဦးသန်းမြက ဒီမိုကရေစီတူဒေးသတင်း စာသို့ ပြောသည်။
''အခုလက်ရှိအထိ နေအိမ် ၃၁ လုံးပြီးသွားပြီ။ လေဘေးသင့်ပြည်သူ တွေ အားလုံးနေထိုင်ဖို့အတွက် နောက်ထပ် နှစ်လုံးပဲ ကျန်ပါတော့တယ်။ မနက်ဖြန်လောက်ဆို ပြီးလောက်ပါ ပြီ'' ဟု၎င်းကပြောသည်။

ယခုလက်ရှိ သြဂုတ် ၄ရက်အ ထိ လေဆင်နှာမောင်းကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်ပွားခဲ့သည့် ရပ်ကွက်နေ ပြည်သူများအား သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေ ပြည်သူများ၏ အလှူငွေဖြင့် နေအိမ် ၃၁လုံးအထိ ဆောက်လုပ်ပြီး စီခဲ့ပြီး ကျောင်းသား ၂၈ယောက်မှာလည်း မိမိတို့၏ စာသင်ကျောင်းသို့ ပြန် လည်တက်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ ပလရပိုင် ဘောဂရပ်ကွက်တွင် ဇူလိုင် ၂၉ရက် နံနက် ၆နာရီ ၄၅မိနစ်အချိန်တွင် အင်းအားပြင်း လေဆင်နှာမောင်း အချိန် ၉မိနစ်ကြာ ဝင်ရောက်တိုက် ခတ်ခဲ့သောကြောင့် ပျဉ်ထောင်အိမ် ၁၃လုံး၊ တိုက်အိမ်သုံးလုံး အမိုးလှန် တဲအိမ် ၁၇လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး၊ စုစုပေါင်းနေအိမ် ၃၃လုံးပျက်စီးဆုံး ရှုံးခဲ့ကာ လူဦရေ ၁၅ဝကျော်အိုးမဲ့ အိမ်မဲ့ဖြစ်ပွားခဲ့ကြောင်းနှင့် သေဆုံးမှု တစ်စုံတစ်ရာမရှိဘဲ မြို့တော်စည်ပင် အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု ဌာန)မှ ဝန်ထမ်းတစ်ဦးသာဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပလရပိုင်ဘောဂ ရပ်ကွက် ဒုအုပ်ချုပ်ရေးမှူးဦးသန်းမြ က ဒီမိုကရေစီ တူဒေးသတင်းစာသို့ ပြောသည်။

''အဝတ်အစား အထည်၈ဝဝ ကျော်၊ ခေါက်ဆွဲခြောက်ထုပ်ကိုးဖာ၊ ဆန်နှစ်အိတ်၊ အလှူငွေ ၅ဝဝဝဝ လှူခဲ့ပါတယ်။ ကျွန်တော်တို့နောက် မှာက ဘာဘက်ဂရောင်းမှ မရှိပါဘူး။ ဒါကြောင့် တတ်နိုင်သလောက်ပဲလှူ ဒါန်းခဲ့တာပါ။ ဒီနေ့လှူဒါန်းခဲ့ရတဲ့ အတွက် စိတ်ထဲမှာဝမ်းသာကြည်နူး မိပါတယ်'' ဟုမြန်မာ့ကောင်းကင်ကြယ် သဘာဝဘေး အန္တရာယ်ကူညီရေး အသင်းဥက္ကဋ္ဌကိုထွန်းထက်ထွေးက ဒီမိုရေစီတူဒေးသတင်းစာသို့ ပြောသည်။

လေဘေးသင့်ပြည်သူများအား လက်ရှိ သြဂုတ် ၄ရက်အထိ မြန်မာ့ မိုးကောင်းကင်ကြယ်သဘာဝဘေး အန္တရာယ် ကူညီရေး ပရဟိတအသင်း၊ ရွှေစင်စင်္ကြာခရီးသွားလုပ်ငန်း၊ စေတနာမွန် လူမှုကူညီရေးအသင်း စသည့်လူမှု အဖွဲ့အစည်းများနှင့် ပါတီပေါင်းစုံမှ လာရောက်အကူအညီပေးနေကြာင်း သိရသည်။

''ဘာမှလိုလေသေးမရှိ လာ ရောက်လှူဒါန်းတဲ့ လူမှုအဖွဲ့အစည်း တွေနဲ့ ပါတီပေါင်းစုံကိုကျေးဇူးတင် ပါတယ်။ ပြီးတော့ ရပ်ကွက်ပေါင်းစုံ က လာရောက်လှူဒါန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်''ဟုပလရအပိုင် ဘောဂရပ်ကွက်မှ မဇာဇာက ဒီမို ကရေစီတူဒေးသတင်းစာသို့ပြော သည်။

အဆိုပါလေဆင်နှာမောင်းသည် လှိုင်သာယာမြို့နယ်ဘက်မှ စတင် တိုက်ခတ်လာခဲ့ကာမင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ပုလဲမြို့သစ်မြို့ နယ်စသည့် မြို့နယ်များသို့ဝင်ရောက် တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လေဘေးသင့်ရပ်ကွက်နေ ပြည် သူများအား နေ့စဉ် ဆန်တစ်အိတ် ခွဲနှင့် ငွေသား ၅ဝဝဝဝကျပ်နှုန်းကုန် ကျသော်လည်း နေ့စဉ်လာရောက် လှူဒါန်းသည့် အဖွဲ့အစည်းများရှိနေ သောကြောင့် လေးဘေးသင့်ပြည်သူ များအား ည၊ မနက်စာအတွက် လုံ လောက်မှုရှိကြောင်း သိရသည်။

No comments :

Post a Comment