Tuesday, August 5, 2014

ကာမအကြမ်းဖက်ခံရသည့် ငွေကြေးချို့တဲ့သူ အမျိုးသမီးများအား အခမဲ့ရှေ့နေလိုက်ပေးမည်

ကာမအကြမ်းဖက်ခံ ထားရသည့် ငွေကြေးချို့တဲ့သူ အမျိုးသမီးများ မန္တလေးမြို့ရှိ Youth Legal Clinic ရုံးသို့ လာ ရောက်အကူအညီတောင်းခံနိုင် ကြောင်း သတင်းရရှိသည်။
မန္တလေးခရိုင်အတွင်းမှ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြ သာစည်မြို့နယ်၊ အောင်မြေသာ စံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ် များမှ ကာမအကြမ်းဖက်ခံရသည့် အမျိုးသမီးငယ်များအား ငွေကြေး အခမဲ့ဖြင့် ရှေ့နေလိုက်ပေးနေ ကြောင်း Youth Legal Clinic မှ   တာဝန်ခံ   ဒေါ်အေးသန္တာက ပြောသည်။
‘‘လင်မယားချင်းဖြစ်တဲ့ကိစ္စ တွေ၊ ကာမလိမ်လည်ယူခံရတဲ့ ကိစ္စတွေ၊ ကလေးငယ်တွေရှေ့မှာ မဖွယ်မရာ   ပြုမူပြတာတွေကို လိုက်ကူညီပေးမှာ။ ငွေကြေးချမ်း သာသူတွေကိုတော့ လိုက်မပေး ဘူး’’ဟု ဒေါ်အေးသန္တာက ပြော ကြားသည်။
မန္တလေးခရိုင်မှ   မြို့နယ် လေးခုအတွင်းမှ    စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာများကို အကြမ်းဖက်ခံထားရသည့် အမျိုးသမီးများအား   အကူအညီပေး မည်ဟု    သတ်မှတ်ထားသော် လည်း အခြားမြို့နယ်များဖြစ် သည့် မဟာအောင်မြေမြို့နယ် နှင့် ချမ်းအေးသာစံမြို့နယ်များ အတွင်းရှိ အမျိုးသမီးများက အကူ အညီများ   တောင်းခံလာပါက လည်း   အခမဲ့ရှေ့နေလိုက်ပေး သွားမည်ဖြစ်ကြောင်း  Youth Legal Clinic မှ သိရသည်။
Youth Legal Clinic ရုံးခန်း ကို    မန္တလေးမြို့တွင် ယခုနှစ် ၂၀၁၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး မုဒိမ်းမှု၊ ကာမလိမ်လည်ရယူခံ ထားရသည့်    အမှုပေါင်းရှစ်ခု လိုက်လံကူညီပေးနေပြီဖြစ် ကြောင်း၊ အမျိုးသမီးများ အကြမ်း ဖက်ခံရသည့်ဖြစ်စဉ်များနှင့်ပတ် သက်၍ အကူအညီများတောင်းခံ လိုပါက (၆၂)လမ်းနှင့် (၆၃)လမ်း၊ (၁၄)လမ်းနှင့် (၁၅)လမ်း ကြား၊ နန်းရှေ့ရှိ မြစန္ဒာလမ်း သွယ်မှ ရုံးခန်းသို့ လာရောက် ဆက်သွယ်နိုင်ကြောင်း ဒေါ်အေး သန္တာက ပြောသည်။
Youth Legal Clinic မှ ကူညီပေးနေသည့် မြို့နယ်လေးခု ရှိ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့များ နှင့် မြို့နေလူထုများအား အမျိုး သမီးအကြမ်းဖက်မှုကာကွယ် သော ဥပဒေဆိုင်ရာဆွေးနွေးမှု သင်တန်းကို    ယခုနှစ်  ဇွန်လ အတွင်းက ပြုလုပ်ပေးခဲ့ပြီး လာ မည့်စက်တင်ဘာလအတွင်းတွင် လည်း အမျိုးသမီးထုသိထားသင့် သည့် ဥပဒေများအကြောင်းကို သင်တန်းပေးရန်လည်း စီစဉ်ထား ကြောင်း၊   ယင်းသင်တန်းများ တက်ရောက်လိုသူများသည် ရုံး ခန်းသို့   လာရောက်စာရင်းပေး နိုင်ကြောင်း ၎င်းကပင် ဆက်လက် ပြောသည်။
အေးမွန်ရာပြည့် မန္တလေး

No comments :

Post a Comment