Monday, August 4, 2014

ရခိုင်မှာ ငါးဖမ်းသင်္ဘာနစ်ပြီး လူ၂၀နီးပါး ပျောက်နေဆဲ

 ရခိုင်ပြည်နယ်နားက ပင်လယ်ပြင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ငါးဖမ်း သင်္ဘာတစ်စီး နစ်မြုပ်သွားခဲ့ရာမှာ အခုချိန်ထိ လူ ၁၇ ဦးလောက် ပျောက်ဆုံးနေပါတယ်။

  ကျောက်ဖြူ နဲ့  ရမ်းဗြဲမြို့ နယ် အကြား ပင်လယ်ပြင်မှာ ငါးဖမ်းနေတဲ့ အဏ္ဍာဝါမင်း ၉ ဟာ သြဂုတ်လ ၂ ရက်နေ့က နစ်မြုပ်သွားခဲ့တာပါ။

သင်္ဘာ နစ်မြုပ်စဉ်မှာ ငါးဖမ်းသင်္ဘာမှာ လူ ၂၂ ဦး လိုက်ပါလာပြီး တနင်္လာနေ့ ညနေအထိ ၆ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပိုက်တွေကို ရေထဲမှာဆွဲယူပြီး ငါးဖမ်းနေစဉ်မှာ သင်္ဘာ နစ်မြုပ်သွားတာလို့ အဲဒီလူတွေကို ကယ်ဆယ်ခဲ့တဲ့ အမှတ် (၄၁၉) ငါးဖမ်းသင်္ဘာက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဆယ်ယူ ကယ်တင်နိုင်ခဲ့တဲ့ လှေသား ၆ ဦးကတော့ ကျောက်ဖြူ မှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

  ပျောက်ဆုံးနေတဲ့ ကျန် ငါးဖမ်းသမား ၁၇ ဦးခန့်ကို ဆက်လက် ရှာဖွေနေတုန်း ဖြစ်ပေမယ့် မိုးလေတွေ ထန်နေတဲ့ အတွက် ရှာဖွေရာမှာ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

ဘီဘီစီ  

 ရခိုင်ပြည်နယ်မှာ ဒေသခံတွေ ငါးဖမ်းလုပ်ငန်းနဲ့ အဓိက ဝမ်းစာရှာ

No comments :

Post a Comment