သြဂုတ်-၅။
မြန်မာနိုင်ငံအတွင်းရှိ တမံကြီးများကို ထိန်းသိမ်းခြင်း၊ လမ်းညွှန်ခြင်းများ ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသား ကော်မတီ ဖွဲ့စည်းရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ်ကြောင်း ယင်းကော်မတီ ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယင်းကော်မတီ ဖွဲ့စည်းရန် နိုင်ငံတော် အစိုးရကလည်း ခွင့်ပြုပေးထားပြီးဖြစ်ကာ ရက်ပိုင်းအတွင်း တရားဝင် ဖွဲ့စည်းနိုင်တော့မည် ဖြစ်ကြောင်းလည်း သိရသည်။
ကမ္ဘာမှာ တမံကြီးတွေ တည်ဆောက်လို့ ကောင်းတာတွေ လည်းရှိသလို၊ ဆိုးတာတွေလည်း ရှိတယ်လေ။ နွေမှာရေ ရအောင် ရေလှောင်ဖို့ တမံကြီးတွေ လိုတယ်။ ဒါပေမဲ့ တမံကြီးတွေကြောင့် ရေကြီးနစ်မြုပ်တာတွေလည်းဖြစ်နေတယ်။ ဒီတော့ ကောင်းတာနဲ့ ဆိုးတာကို ချိန်ညှိပေးနိုင်အောင် ဒီကော်မတီ ကဆောင်ရွက်ပေးမှာပါ ဟု မြန်မာနိုင်ငံ တမံကြီးများ ဆိုင်ရာ အမျိုးသားကော်မတီ ဖြစ်မြောက်ရေး အဖွဲ့မှ ဦးချိုချိုက ပြောသည်။
အဆိုပါကော်မတီ ဖွဲ့စည်းပြီးပါက မြန်မာနိုင်ငံတွင်းရှိ တည်ဆောက်ပြီး တမံကြီးများအား ထိန်းသိမ်းခြင်းနှင့် ထမ်မံ တည်ဆောက်မည့် တမံကြီး များအား ပတ်ဝန်းကျင်ထိခိုက်မှု မဖြစ်စေရေး၊ ရေရှည် တည်တံ့စေရေးတို့အတွက် နိုင်ငံတကာ ပညာရှင်များ၊ အဖွဲ့ အစည်းများ၏ အတွေ့အကြုံ များဖြင့် လမ်းညွှန်ပေးသွားမည်ဖြစ်ကာ သက်ဆိုင်ရာဌာနများ၊ တမံကြီးများတည်ဆောက်မည့် အဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

No comments :
Post a Comment