Monday, August 4, 2014

တရုတ်သို့ မြန်မာအမျိုးသမီးများ လူကုန်ကူးခံနေရမှုအပေါ် တရုတ်အစိုးရမှ ထိရောက်စွာတားဆီးပေးရန် ၈၈ခေါင်းဆောင်များတောင်းဆို

ရန်ကုန်၊ သြဂုတ် ၎

တရုတ်နိုင်ငံသို့ မြန်မာ အမျိုးသမီးများလူကုန်ကူးခံနေ ရမှုများအပေါ် တရုတ်အစိုးရမှထိ ရောက်စွာတားဆီးပေးရန် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်အား ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) ကျောင်းသားခေါင်း ဆောင်များက တောင်းဆိုခဲ့ကြောင်း သိရသည်။

သြဂုတ် ၄ရက်တွင်မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် အဖွဲ့သည်၈၈မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံး သို့လာရောက်ကာ ဦးမင်းကိုနိုင်၊ ဦး ကိုကိုကြီးနှင့် ဦးဂျင်မီနှင့် ရေးရာ ဆိုင်ရာများ ဆွေးနွေးခဲ့ရာတွင် ကျောင်းသားခေါင်းဆောင်များက ယင်းကဲ့သို့တောင်းဆိုခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

တွေ့ဆုံဆွေးနွေးမှုနှင့် ပတ် သက်၍ ၈၈မျိုးဆက်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဂျင်မီက''မြန်မာအ မျိုးသမီးတွေကို နစ်နာစေတဲ့ လူကုန်ကူးမှုတွေကို တရုတ် အစိုးရကထိ ထိရောက်ရောက် တားဆီးပေးဖို့ တရုတ် သံအမတ်ကို ကျွန်တော်တို့တွေ ပြောတယ်။ တရုတ်သံအမတ်က လူကုန်ကူးခံရမှုတွေ ရှိတယ်လို့ဝန် ခံတယ်။ ဒီကိစ္စကိုတရုတ်ရဲတပ်ဖွဲ့နဲ့ မြန်မာရဲတပ်ဖွဲ့ ပူးပေါင်းပြီးတားဆီး နေပါတယ်။ ထိထိရောက်ရောက် တား ဆီးနိုင်ဖို့လဲ ဆောင်ရွက်ပါမယ်လို့ တရုတ်သံအမတ်ကပြောပါတယ်'' ဟု ဆွေးနွေးမှုအပေါ်ဒီမိုကရေစီတူဒေး သတင်းစာအားပြောသည်။

၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး၊ အပစ်အခက် ရပ်စဲရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးအပေါ် နှစ်ဖက်သဘောထား အမြင်များနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ် ကိုင်နေသော တရုတ်ကုမ္ပဏီများ စီမံ ကိန်းများနှင့်ပတ်သက်၍ဆွေးနွေး ခဲ့ပြီး ယင်းတရုတ်ကုမ္ပဏီများနှင့်စီမံ ကိန်းများလုပ်ဆောင်ရာတွင် ပွင့်လင်း မြင်သာမှု ရှိရန်သဘာဝလူမှုပတ်ဝန်း ကျင်အား ထိခိုက်မှုမရှိရန်လိုအပ်သည့် အပေါ် တရုတ်သံအမတ်အား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များက ဆွေးနွေးခဲ့ကြကြောင်း သိ ရသည်။

၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း) အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပူး တွဲလှုပ်ရှားခဲ့သည့် ဖွဲ့စည်းပုံအခြေ ခံဥပဒေပုဒ်မ-၄၃၆ ပြင်ဆင်ရေး အတွက် ကောက်ခံရရှိထားသည့် လက် မှတ်များအား လွှတ်တော်သို့ ဆက်လက် တင်ပြရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YM

No comments :

Post a Comment