မန္တလေး၊သြဂုတ်-၅။
မန္တလေးမြို့ ဓမ္မသာလခန်းမတွင် ကျင်းပပြုလုပ်မည့် ရှစ်လေးလုံး ဒီမိုကရေစီအရေး လူထု လှုပ်ရှားမှုကြီး၏ (၂၆)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် ပြီးခဲ့သည့် ရှစ်လေးလုံး လူထုလှုပ်ရှားမှု အရေးတော်ပုံ ငွေရတု နှစ်ပတ်လည် အခမ်းအနားမှ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ပြီးစီးမှု အခြေအနေများကို တင်ပြမည် ဖြစ်ကြောင်း မန္တလေးမြို့ (၈၈) မျိုးဆက် ကျောင်းသားတစ်ဦး ဖြစ်သူ ဦးညီကျော်ကပြော သည်။
အခမ်းအနားကို မနက် (၈)နာရီမှာ စတင်မှာဖြစ်ပါတယ်။ မနှစ်ကလို သုံးရက် ဆက်တိုက်လုပ်မှာ မဟုတ်တော့ပါဘူး။ ဒီနှစ် ကတော့ တစ်ရက် တည်းပဲ လုပ်မှာပါ။ မနှစ်က ငွေရတု အခမ်းအနားကနေပြီးတော့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေတွေ ကို တင်ပြကြပါမယ် ဟု ၎င်းက ပြောသည်။ မန္တလေးမြို့ ဓမ္မသာလာ ခန်းမတွင် ပြုလုပ်မည့် အဆိုပါ အခမ်းအနားတွင် သံဃာတော်များကို ဆွမ်းကပ် လှူဒါန်းခြင်းအပြင် ဖိတ်ကြားထားသူအချို့မှ လာမည့် (၂၀၁၅) အတွက် ရည်ရွယ်ကာ ဟောပြောပွဲတစ်ခု ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

No comments :
Post a Comment