Tuesday, August 5, 2014

သံတွဲကမ်းခြေတစ်လျှောက်တွင် အသိမ်းခံထားရသည့်မြေများ ပြန်လည်ရရှိရေးအတွက် အသိမ်းခံဒေသခံများ ဆန္ဒပြ


သြဂုတ်-၅။
ယနေ့ မွန်းတည့် ၁၂ နာရီတွင် ငပလီကမ်းခြေဂျိတ္တောရပ်ကွက်ရှိ နတ်မော်တောင်အသိမ်းခံရသည့် ဒေသခံများနှင့် ပုဇွန်သားဖောက်မှ မြေသိမ်းယူထားခြင်းခံရသည့် ဒေသခံများတို့နှင့် သဗြုချိုင်ရေတပ်မှ မြေယာများသိမ်းထားခြင်းခံရသည့် ကျောက္ကလပ်ကျေးရွာအုပ်စုမှ ဒေသခံများ အင်အား ၇၀ ခန့်သည် ဂျိတ္တောလမ်းဆုံမှ မြပြင်ရပ်ကွက်အဆုံးထိ ဘိုးဘွားမိဘစဉ်ဆက် ဓားမဦးချလုပ်ကိုင်စားသောက်လာခဲ့သည့် မိမိတို့မြေယာများ ပြန်လည်ရှိရေးအတွက် ကြွေးကြော်သံများအော်ဟစ်ကာ စီတန်းလမ်းလျှောက်ဆန္ဒပြလျက်ရှိပါသည်။
ဆန္ဒထုတ်ဖော်ရာတွင် မူလက ဂျိတ္တောရပ်ကွက်မှ ဒေါင်းသောက်တောင်မြေဧက ၅၀ ဧကကျော် အသိမ်းခံရသည့် ဒေသခံများနှင့် ဝါးတောင်ကွင်းဂေါက်ကွင်းမြေ ဧက ၁၀၀ကျော် အသိမ်းခံရသည့်ဒေသခံများလည်း ပါဝင်ရန်အစီအစဉ်ရှိသော်လည်း အကြောင်းကြောင်းကြောင့် ယနေ့ မပါဖြစ်ခဲ့သော်လည်း သံတွဲမြို့တွင် ဆန္ဒထုတ်ဖော်သွားရန် အစီအစဉ်ရှိကြောင်း သိရှိရပါသည်။ ဆန္ဒထုတ်ဖော်ရာသို့ သံတွဲမြို့နယ်ရဲမှူးကိုယ်တိုင်နှင့် မဇင်ရဲကင်းစခန်းမှုး၊ ဂျိတ္တောစခန်းမှူးများ နှင့်တကွ ရဲလုံခြုံရေးများစွာ လိုက်ပါခဲ့ကြကြောင်း တွေ့ရှိရပါသည်။

No comments :

Post a Comment