Monday, August 4, 2014

မန္တလေးမြို့ ပဋိပက္ခ ၁၄၄ ထုတ်ပြန်ပြီး (၁)လအတွင်း ထောင် အပြစ်ပေးခံရသူ (၁၀၀၀) ကျော်အထိရှိ

မန္တလေးမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ညမထွက်ရ အမိန့်ပုဒ်မ (၁၄၄) ထုတ်ပြန်အပြီး တစ်လ တာကာလအတွင်း ထောင်ဒဏ် အပြစ်ပေးခံထားရသူ လူဦးရေ တစ်ထောင်ကျော် အထိရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဇူလိုင်လ (၃)ရက်နေ့မှ သြဂုတ်လ (၂) ရက်နေ့အထိ တစ်လတာကာလ အတွင်း ထောင်ဒဏ် (၇)ရက် အပြစ် ပေးစီရင်ခံရသူ အမျိုးသား (၉၆၃)ဦး၊ အမျိုးသမီး (၃၆)ဦး ရှိခဲ့ပြီး၊ (၁၅)ရက် ထောင်ဒဏ် အပြစ်ပေးခံ ထားရသူအမျိုးသား (၈၀) ဦး စုစုပေါင်း ထောင်ဒဏ် အပြစ်ပေး စီရင်ခံရသူ (၁၀၇၉)ဦး ရှိကြောင်း တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
ပုဒ်မ (၁၄၄) ထုတ်ပြန်ပြီးနောက် တစ်လတာ ကာလအတွင်း ဖမ်းဆီးရမိသူ အမျိုးသား (၁၂၈၅) ဦး၊ အမျိုးသမီး (၄၇) ဦး အထိရှိခဲ့ပြီး၊ ပညာ ပေးပြန်လွှတ်ခဲ့သူ အမျိုးသား (၁၅၁) ဦး၊ အမျိုးသမီး ခြောက်ဦး ရှိကြောင်း၊ အရေးယူရန် ဆောင်ရွက်ဆဲ အမျိုးသား (၃၁)ဦး၊ အမျိုးသမီး (၂)ဦးရှိကြောင်း သိရသည်။
မန္တလေးခရိုင်မြို့နယ်များအား ညမထွက်ရ အမိန့်ကိုဇူလိုင်လ (၃) ရက်နေ့မှ စတင်ကာ ည(၉)နာရီမှ နံနက်(၅) နာရီအထိ ကန့် သတ်ထုတ်ပြန် ထားခဲ့ခြင်း ဖြစ်ပြီး၊ ဇူလိုင် လ (၂၁)ရက်နေ့တွင် အချိန် (၂)နာရီ လျှော့ချကာ ည (၉)နာရီမှ နံနက် (၃)နာရီ အဖြစ် လည်းကောင်း၊ ဇူလိုင်လ (၂၈)ရက်နေ့ တွင် ည (၁၀)နာရီမှ နံနက်(၃)နာရီ အဖြစ်လည်းကောင်း မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ပြောင်းလဲ ကန့်သတ်ထုတ်ပြန်ခဲ့သည်။

No comments :

Post a Comment