Monday, August 4, 2014

ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့တရားမဝင်ခိုးဝင်လာပြီး ပြစ်ဒဏ် ချမှတ်ခြင်းခံရကာ ပြန်လည်လွှဲပြောင်းပေးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်နှစ်အတွင်း ၁၃ဝ ကျော်ရှိ

 မောင်တော၊သြဂုတ်-၅။

နှစ်နိုင်ငံနယ်နိ မိတ်ချင်းထိစပ်နေသည့် မြန်မာ-ဘင်္ဂ လားဒေ့ရှ်နယ်စပ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ မြန်မာနိုင်ငံသို့ တရားမဝင်ခိုးဝင် လာပြီး ပြစ်ဒဏ်ချမှတ်ခြင်းခံရကာ ပြစ်ဒဏ် မှ လွတ်မြောက်လာသူများကို သက်ဆိုင် ရာသို့ တရားဝင်ပြန်လည်လွှဲပြောင်းပေး သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်နှစ် အတွင်း ၁၉၃ ဦးရှိကြောင်း မောင်တော ခရိုင် လဝက ဦးစီးဌာနမှသိရသည်။

အဆိုပါဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင် တောနယ်စပ်သို့ တရားမဝင် ဝင်ရောက် လာမှုကြောင့် ဖမ်းဆီးခံရ၍ တရားရုံးမှ ပြစ်ဒဏ် ချမှတ်ကာ ပြန်လည်လွတ်မြောက် လာသူများဖြစ်ပြီး နှစ်နိုင်ငံသဘောတူ ညီချက်အရ လွှဲပြောင်းပေးသူဦးရေဖြစ် ကာ တစ်ဖက်နိုင်ငံမှ တရားဝင်လက်မခံ ဘဲ ပြည်နှင်ဒဏ်ပေးလိုက်သည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသားများလည်း အများအပြား ရှိနေကြောင်းသိရသည်။ လက်ရှိတွင် မြန် မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးကို ခြံစည်းရိုးကာရံထားကာ ချောင်းဝပေါက် များတွင်လည်း နယ်ခြားစောင့် ရဲကင်းစခန်း များမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန်ယူ ထားသော်လည်း ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင် လာမှုများရှိနေသေးကြောင်း မောင်တော နယ်စပ်ဒေသခံတစ်ဦးက ပြောသည်။

တရားမဝင် ခိုးဝင်လာပြီး ပြစ် ဒဏ်ချမှတ်ခြင်းခံရကာ တရားဝင်ပြန် လည်လွှဲပြောင်းသူ ၁၉၃ဦးမှာ ၂ဝ၁၃ခုနှစ် ဇူလိုင်မှ ၂ဝ၁၄ခုနှစ် ဇူလိုင်လအထိ တစ် နှစ်တာကာလအတွင်းဖြစ်ပြီး ထပ်မံလွှဲ ပြောင်းပေးအပ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ၅ဝကျော်မှာ ဘူးသီးတောင်အကျဉ်း ထောင်၌ ဆက်လက်ရှိနေသေးကြောင်း ခရိုင်လဝကဦးစီးဌာနမှူးက ပြောသည်။

ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ ဘင်္ဂါလီများ မောင်တောနယ်စပ်သို့ တရားမဝင် ဝင်ရောက်နေမှုမှာ လုံခြုံရေး အခြေအနေအရ မလုံခြုံသေးကြောင်း မြို့မိမြို့ဖတစ်ဦးက သုံးသပ်ပြောသည်။

''ဖြစ်စဉ်တွေက ခိုးဝင်လာ တဲ့အချိန်မှာ ဖမ်းမိတာလဲရှိသလို ခိုးဝင် လာပြီးတော့ ကျေးရွာတွေမှာနေထိုင်ပြီး သတင်းအရ လိုက်ဖမ်းလို့ ဖမ်းမိတာတွေ လဲ ရှိနေပါတယ်။ အမှန်ဆိုရင် ခိုးဝင်က တည်းက ဖမ်းမိရမှာပါ။ အခုက ရွာမှာ ရောက်နေပြီးမှ သတင်းရလို့ ဖမ်းမိတာ က နယ်စပ်လုံခြုံရေးအား နည်းနေတာကို ဖော်ပြနေပါတယ်'' ဟု ဆက်ပြောသည်။
Photo: ဘင်္ဂလားဒေ့ရှ်မှ    မြန်မာနိုင်ငံသို့တရားမဝင်ခိုးဝင်လာပြီး ပြစ်ဒဏ် ချမှတ်ခြင်းခံရကာ ပြန်လည်လွှဲပြောင်းပေးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား    တစ်နှစ်အတွင်း    ၁၃ဝ ကျော်ရှိ
===============================================

ညိုသဏ်း - Flower News Journal အတွဲ (၁၀)၊အမှတ် (၃၀)။

မောင်တော၊

 နှစ်နိုင်ငံနယ်နိ မိတ်ချင်းထိစပ်နေသည့် မြန်မာ-ဘင်္ဂ လားဒေ့ရှ်နယ်စပ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ မြန်မာနိုင်ငံသို့ တရားမဝင်ခိုးဝင် လာပြီး  ပြစ်ဒဏ်ချမှတ်ခြင်းခံရကာ ပြစ်ဒဏ် မှ လွတ်မြောက်လာသူများကို သက်ဆိုင် ရာသို့ တရားဝင်ပြန်လည်လွှဲပြောင်းပေး သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်နှစ် အတွင်း ၁၉၃ ဦးရှိကြောင်း မောင်တော ခရိုင် လဝက ဦးစီးဌာနမှသိရသည်။

အဆိုပါဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင် တောနယ်စပ်သို့ တရားမဝင် ဝင်ရောက် လာမှုကြောင့် ဖမ်းဆီးခံရ၍ တရားရုံးမှ ပြစ်ဒဏ် ချမှတ်ကာ ပြန်လည်လွတ်မြောက် လာသူများဖြစ်ပြီး နှစ်နိုင်ငံသဘောတူ ညီချက်အရ လွှဲပြောင်းပေးသူဦးရေဖြစ် ကာ တစ်ဖက်နိုင်ငံမှ တရားဝင်လက်မခံ ဘဲ ပြည်နှင်ဒဏ်ပေးလိုက်သည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသားများလည်း အများအပြား ရှိနေကြောင်းသိရသည်။ လက်ရှိတွင် မြန် မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးကို ခြံစည်းရိုးကာရံထားကာ ချောင်းဝပေါက် များတွင်လည်း နယ်ခြားစောင့် ရဲကင်းစခန်း များမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန်ယူ ထားသော်လည်း ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင် လာမှုများရှိနေသေးကြောင်း မောင်တော နယ်စပ်ဒေသခံတစ်ဦးက ပြောသည်။

တရားမဝင် ခိုးဝင်လာပြီး ပြစ် ဒဏ်ချမှတ်ခြင်းခံရကာ တရားဝင်ပြန် လည်လွှဲပြောင်းသူ ၁၉၃ဦးမှာ ၂ဝ၁၃ခုနှစ် ဇူလိုင်မှ ၂ဝ၁၄ခုနှစ် ဇူလိုင်လအထိ တစ် နှစ်တာကာလအတွင်းဖြစ်ပြီး ထပ်မံလွှဲ ပြောင်းပေးအပ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ၅ဝကျော်မှာ ဘူးသီးတောင်အကျဉ်း ထောင်၌ ဆက်လက်ရှိနေသေးကြောင်း ခရိုင်လဝကဦးစီးဌာနမှူးက ပြောသည်။

ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ ဘင်္ဂါလီများ မောင်တောနယ်စပ်သို့ တရားမဝင် ဝင်ရောက်နေမှုမှာ လုံခြုံရေး အခြေအနေအရ မလုံခြုံသေးကြောင်း မြို့မိမြို့ဖတစ်ဦးက သုံးသပ်ပြောသည်။      

''ဖြစ်စဉ်တွေက ခိုးဝင်လာ တဲ့အချိန်မှာ ဖမ်းမိတာလဲရှိသလို ခိုးဝင် လာပြီးတော့ ကျေးရွာတွေမှာနေထိုင်ပြီး သတင်းအရ လိုက်ဖမ်းလို့ ဖမ်းမိတာတွေ လဲ ရှိနေပါတယ်။ အမှန်ဆိုရင် ခိုးဝင်က တည်းက ဖမ်းမိရမှာပါ။ အခုက ရွာမှာ ရောက်နေပြီးမှ သတင်းရလို့ ဖမ်းမိတာ က နယ်စပ်လုံခြုံရေးအား နည်းနေတာကို ဖော်ပြနေပါတယ်'' ဟု ဆက်ပြောသည်။

No comments :

Post a Comment