သမိုင်းလိမ် လူမျိုးနာမည်အားဖြင့် ခိုးဝင်ဘင်္ဂါလီများ၏ တိုင်းရင်းသားဖြစ်ခွင့်ကို DHRP က တောင်းဆိုလှုံ့ဆော်နေခြင်း နှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ သဘောထားထုတ်ပြန်ချက်
နေ့စွဲ - ၂၀၁၄-ခုနှစ် သြဂုတ်လ (၂) ရက်
DHRP (၀ါ) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီအမည်ခံ အစုအဖွဲ့တစ်ခုသည် သဘောထား ထုတ်ပြန်ချက် ထုတ်ပြန်လျက် ရခိုင်ပြည်နယ်ပဋိပက္ခများ ထပ်ဆင့်ဖြစ်ပွားစေရေးကို ဦးတည်လှုံ့ဆော် နေသည်ကို တွေ့ရသဖြင့် ရခိုင်တစ်မျိုးသားလုံးကို ကိုယ်စားပြုသော ရခိုင်အမျိုးသားပါတီ၏ သဘောထားကို အောက်ပါအတိုင်းထုတ်ပြန်လိုက်သည်။
၁။ MSF-Holland (ခေါ်) AZG အဖွဲ့အား ရခိုင်ပြည်နယ်ကျန်းမာရေးကဏ္ဍ၌ ယခင်ကကဲ့သို့ ပြန်လည် ဆောင်ရွက်ရန် ဆိုသည့်သဘောထားပါရှိသည့်ထုတ်ပြန်ချက်များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကျန်းမာရေး ၀န်ကြီးဌာန တို့က ဇူလိုင်လ (၂၄) ရက်နေ့တွင် ထုတ်ပြန်ကြသည် နှင့် တစ်ရက်တည်းတွင်ပင်၊ DHRP ကလည်း နိုင်ငံ၏ အချုပ်အချာအာဏာအား တင်စီးစော်ကားကာ သမိုင်းလိမ်လူမျိုးနာမည်အားဖြင့် ခိုးဝင် ဘင်္ဂါလီများအတွက် တိုင်းရင်းသား နိုင်ငံသား အခွင့်အရေးပေးရေးကို တောင်းဆိုလျက် ပဋိပက္ခ ဖြစ်ပွား စေရေးကို ဦးတည်ကာ ကြေငြာချက် ထိုကဲ့သို့ထုတ်ပြန်ခြင်းသည် မတော်တဆ တိုက်ဆိုင်မှုဆိုသည့် အဆင့်ထက် ပိုမို ဆက်နွယ်မှု ရှိနိုင်သည်။
၂။ အစိုးရက ““နိုင်ငံတကာဖိအား”” ကြောင့် MSF-Holland (ခေါ်) AZG အဖွဲ့အား ပြန်လည်ခွင့်ပြု လိုက်ရ သည် ဟု သိလာရသည့်နေ့တွင်ပင်လျှင် ထိုသို့ဆင့်ကဲ တင်စီးစော်ကားလှုံ့ဆော်မှုများ ဖြစ်ပေါ် လာရခြင်း ဖြစ်သည်။ ချော့မြူအလျှော့ပေးရေးမူ (Appeasement Policy) အားဖြင့် ဟစ်တလာအား တစ်ဆင့်ပြီး တစ်ဆင့် အလျှော့ပေးလာခဲ့သောကြောင့် ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာရသည်ကို သင်ခန်းစာယူသင့်ပေသည်။ အလျှာ့ပေးလိုက်လျောခြင်းနည်းလမ်းသည် ပြဿနာပြေလည်စေရေးကို အခါခပ်သိမ်း ဦးတည်ရာမရောက်ဘဲ တစ်ဘက်သားက ကမ်းတက်လာကာ ရလေလိုလေ အိုတစ္ဆေဆိုသလို မပြီးမပြတ်နိုင်သောတောင်းဆိုမှုများ ဖြစ်လာအောင်သာ လုပ်ရာ ရောက်ပေသည်။
၃။ လုပ်ကြံဖန်တီးထားသည့် နာမည်လိမ်လူမျိုး၏ လုပ်ကြံသမိုင်းလိမ်နှင့် ပတ်သက်၍ သမိုင်းရေးရာ ဆွေးနွေးမှု လုပ်နေစရာ အကြောင်းမရှိပေ။ ရခိုင်သမိုင်းတွင် ရှိခဲ့သော ပါရှန်း၊ ကမန်များမှာ ကိုလိုနီခေတ်တွင် ရာသီ အလိုက် ၀င်တုံထွက်တုံဖြင့် ရောက်လာခဲ့ကြသော ဘင်္ဂါလီ (လယ်ကူလီ) များနှင့် သမိုင်းဆိုင်ရာဆက်စပ်မှု လုံးဝမရှိပေ။
၎။ လက်ရှိလုပ်ဆောင်နေသော (ဘင်္ဂါလီများကို) နိုင်ငံသားစိစစ်မှုအား အစိုးရက မည်မျှ ရိုးသားသန့်ရှင်းစွာ အကောင်အထည်ဖော်ခြင်း ရှိ။မရှိ ကို ရခိုင်လူမျိုးများနှင့် ရခိုင်အမျိုးသားပါတီက မျက်ခြေမပြတ် စောင့်ကြည့် လျက်ရှိသည်။
၅။ နိုင်ငံတော်အစိုးရက ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေဖြင့် ဘင်္ဂါလီများအား စိစစ်ဆောင်ရွက်နေသည်ကို လက်မခံကြရန် နှိုးဆော်သည့် သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ကာ ထပ်ဆင့်ပဋိပက္ခများဖြစ်ပေါ်ရေးကို လုပ်ဆောင်နေသော DHRP ၏လုပ်ရပ်မှာ အချုပ်အချာအာဏာကို ထိပါးကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အကျိုးမဲ့ကို ဆောင်ရွက်နေရာရောက်သည် ဟု ကျွန်ုပ်တို့ ရခိုင်အမျိုးသားပါတီက ရှုမြင်သည်။
၆။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၌ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းထားသည့်ပါတီ တစ်ရပ်အနေဖြင့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိဘဲ ထိုကဲ့သို့ သွေးထိုးလှုံ့ဆော်မှုအပေါ် ပြည်ထောင်စုအစိုးရ နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က ထိုက်သင့်သလို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန် လိုအပ်သည် ဟု ကျွန်ုပ်တို့ သုံးသပ်သည်။
၇။ ထိုပါတီသာမက ဘူးသီးတောင် မောင်တောမြို့နယ်များမှ လွှတ်တော်များအတွင်းသို့ ရောက်ရှိနေကြသော လွှတ်တော်ကိုယ်စားလှယ်အချို့သည်လည်း ခိုးဝင်ဘင်္ဂါလီ အရေးကို တတပ်တအား ဆောင်ရွက်နေကြသည်ကို တွေ့ရှိရသည်။ ထိုသူတို့နှင့်ပတ်သက်၍လည်း ၄င်းတို့၏နိုင်ငံသား ဖြစ်မှု။မဖြစ်မှုမှာ ဥပဒေနှင့် ညီညွတ်မှု ရှိမရှိ ကို အမြန်ဆုံးစိစစ်ပြီး၊ ညီညွတ်မှုမရှိပါက အရေးယူကာ သက်ဆိုင်ရာလွှတ်တော်များမှ ဖယ်ရှားသင့်သည် ဟု ကျွန်ုပ်တို့ သုံးသပ်သည်။
ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ရခိုင်အမျိုးသားပါတီ
========================
ဓါတ်ပုံ - ထုတ်ပြန်ချက်၏ စာမျက်နှာ တစ်

No comments :
Post a Comment