Monday, August 4, 2014

သမိုင်းဆိုတာ မရေမတွက်နိုင်တဲ့ လူ့အတ္ထုပ္ပတ္တိ များရဲ့ အနှစ်သာရပါပဲ။

လုပ်စရာရှိရင် ချက်ချင်းလုပ်ပါလို့ ပြောလိုပါတယ်။

စစ်မှန်တဲ့ သုတပညာ မှန်သမျှဟာ တိုက်ရိုက် အတွေ့အကြုံမှာသာ အခြေခံတယ်။

ကျုပ်တို့ဟာ ကိုယ်မသိတာကို သိတယ်လို့ ဘယ်တော့မှ ဟန်မဆောင်သင့်ဘူး။ ကိုယ့်ထက် နိမ့်ကျသူတွေထံက သင်ယူဖို့၊ မသိရင်မေးဖို့ မရှက်သင့်ဘူး။

စာရိတ္တဟာ ကလေးတွေ ကတည်းက သင်ပေးမှ ဖြစ်တယ်။ ကြီးမှ သင်ရင် မရတော့ဘူး။ မလွယ်တော့ဘူး။

သန့်ရှင်းတဲ့နား အကြားများတယ်။ ကြည်လင်တဲ့ မျက်စိက အမြင်များတယ်။ စင်ကြယ်တဲ့ စိတ်ဟာလည်း အသိများတယ်။


ပညာလည်းမရှိ၊ တည်ကြည်ခြင်းလည်း မရှိသောသူ၏ အနှစ်တစ်ရာ
အသက်ရှည်ခြင်းထက် သီလရှိ၍ ကမ္မဋ္ဌာန်း ရှုသောသူ၏ တစ်ရက်မျှ အသက်ရှည်ခြင်းသည် သာ၍ မြတ်၏။

သမိုင်းရယ်လို့ တစ်သီးတခြား မရှိပါဘူး။ အတ္ထုပ္ပတ္တိပဲ ရှိပါတယ်။

အသိဉာဏ်ရဖို့ ပထမခြေလှမ်းဟာ ကျုပ်တို့ရဲ့ မသိမှုကို ၀န်ခံခြင်းနဲ့ မသိမှုကို တွေ့ရှိခြင်းပဲ ဖြစ်တယ်။

သင်ပြမှုအားလုံးမှာ အဓိကရ လှုံ့ဆော်မှု စွမ်းအားဆိုတာ မေတ္တာတရားပါပဲ။

စာအုပ်ကောင်းတွေက ဘုရင့်ဘဏ္ဍာတိုက် တွေပါပဲ။

စာဖတ်နှုန်းမြန်တာ တန်ဖိုးရှိတယ်။ ဒါပေမဲ့ စာဖတ်မြန်ပြီး ဆိုလိုချက်ကို မသိ၊ ဖတ်ပြီးတာ တွေလည်း မမှတ်မိဘူးဆိုရင် အလကားပါပဲ။ တွေးတွေးဆဆ သမာဓိနဲ့ ဖတ်ဖို့ လိုအပ်တယ်။

No comments :

Post a Comment