Monday, August 4, 2014

မြန်မာနိုင်ငံတွင်တပ်ပေါင်းစုများဖွဲ့ ခြင်း



မြန်မာပြည်တွင် တပ်ပေါင်းစုများစွာဖွဲ့ ခဲ့ကြသည် ယနေ့ UNFC အထိဆိုလျှင်မမှားနိုင်ပေ-
ေေ နောက်ထပ် UNFC ကိုချန်လှပ်၍ အခြားတပ်ပေါင်းစုတခုမဖြစ်လာနိုင်ဟုမည်သူမျှ
အတပ်မပြောနိုင်ပေ။ တပ်ပေါင်းစုသမိုင်းတွင်အင်အားကြီးခဲ့သောအစဉ်အလာတော့
မရှိသည်မဟုတ် ရှိသည်။
 ဥပမာ-NDF DAB MA(SSAမှဦးဆောင်) စသည်တပ်ပေါင်းစု များသည်  သူ့ အခေတ်အခါကတဟုန်ထိုးတိုးတက်လာခဲ့သောအဖွဲ့ အစည်းများဖြစ်သည်။
နိုင်ငံရေးတပ်ပေါင်းစုများအဖြစ်ဆိုလျှင် NCUB ENC စသဖြင့် သူ့ ခေတ်သူ့ အလျောက်
တော်တော်အဆင်ပြေခဲ့ကြသည် ။
ယနေ့ အချိန်မှာတော့ UNFC က Top ဖြစ်နေသည်။UNFC လည်းမာန်ခပ်ကြီးကြီးပင် ။
စဖွဲ့ ချိန်တွင် စစ်အင်အားကြီးသောအဖွဲ့ အစည်းသည် သာလျှင်
 ဥက္ကဌလုပ်ရမည်ဟုဘာညာကွိကွရှိသည်(နောက်ပိုင်းဖြုတ်လိုက်သည်)။
ြ မြန်မာပြည်တိုင်းရင်းသားတပ်ပေါင်းစုသမိုင်းကိုစလျှင် ပြည်တပ်ပေါင်းစု ကစသည်ဟု
တပ်ပေါင်းစုတိုင်းတွင် အကြီးအကဲအဖြစ်ခေါင်းဆောင်လာသည့် ရခိုင်ပြည်လွတ်မြောက်
  ရေးပါတီ ALP မှဒုဥက္ကဦးခိုင်စိုးနိုင်အောင်မှ သူ၏ NDF မ.ဒ.တ တပ်ပေါင်းစုသမိုင်းစာ
အုပ်တွင်ဖော်ပြထားသည်။ (အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့်ထုတ်ဝေ)
တပ်ပေါင်းစုဖွဲ့ ခြင်းသည် တဦးတဖွဲ့ တည်းဖြင့်အလုပ်မဖြစ်နိုင်စုပေါင်း၍လုပ်မှသာလျှင်
  အောင်မြင်မည်ဟူသော ယုံကြည်ချက်ဖြင့်ဖွဲ့ ဖြစ်သည်ဟုယေဘုယအားဖြင့်သုံးသပ်နိုင်
သည် ။အခြားတဖက်တွင်လည်း တပ်ပေါင်းစုမူကိုမကြိုက်၍အဖွဲ့ ဝင်အဖြစ်မှနူတ်ထွက်
သွားသည့်အဖွဲ့ များလည်းရှိခဲ့သည် မကြိုက်၍တပ်ပေါင်းစုတွင်အဖွဲ့ မ၀င်သည့်အင်အား
ကြီးအဖွဲ့ များလည်းရှိသည်။
ဥပမာ- စ၀်ရွက်ဆစ်ခေါင်းဆောင်သော ရှမ်းပြည်တပ်မတော် မူကိုမကြိုက်၍တပ်ပေါင်းစု
ထဲမ၀င်ပေ။ ပြီးလျှင် ALP သည် UNFC မှအကြိမ်ကြိမ်ကမ်းလှမ်းသော်လည်း အဖွဲ့ ဝင်မဟုတ်ပေ။လေ့လာသူအဖြစ်သာနေသည်။ နောက်ထပ် KNPP အဖွဲ့ ဝင်အဖြစ်
တာရှည်စွာရပ်တည်ပြီးမှ NDF မူသည် ကယားပြည်(ကရင်နီပြည်)ကို အစိတ်စိတ်အမွှာ
မွှာဖြစ်စေသည်ဟူသည့်အကြောင်းပြချက်ဖြင့် နူတ်ထွက်ခဲ့သည်မှာကြာပြီ နောက်ထပ်
ရှမ်းတဖွဲ့ လည်းထိုနည်းတူစွာပင် ။ယနေ့ UNFC အနေဖြင့်မည်မျှ တောင့်ခံနိုင်မည်နည်း။
 မကြာမှီပိတ်ကားပေါ်တွင်ကြည့်ရတော့မည်။
သမိုင်းသစ်ကိုအောင်မြင်သူစွမ်းဆောင်သူများသာအနက်ဖွင့်မည်တော့
အမှန်ပင်ဖြစ်ပေသည်။
ရသောင်ဒေ့သား
Edit-အောင်မောင်း

No comments :

Post a Comment