Monday, August 4, 2014

●နိုင်ငံတော်သမ္မတကြီး၏ ကိုယ်ရေးအကျဉ်းမှ ကောက်နှုတ်ချက် ●


၁၉၆၄ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ်၊ အပတ်စဉ် (၉) တက်ရောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် B.A (DSA) ဘွဲ့အား ရရှိခဲ့သည်။ စစ်တက္ကသိုလ်မှ သင်တန်းဆင်းပြီး ရှမ်း (၁) တွင် တာဝန်ထမ်းဆောင်နေစဉ် ၁၉၈၂ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်သို့ တိုးမြှင့် ခန့်အပ်ခြင်း ခံခဲ့ရသည်။
● ၁၉၈၆ ခုနှစ်အထိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ခမရ (၁၀၉) (တပ်ကုန်းမြို့) နှင့် ခလရ (၈၉) (ကလေးမြို့)တို့တွင် ဗိုလ်မှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။
● ၁၉၈၈ ခုနှစ်တွင် တပ်ရင်းမှူးအဆင့်ဖြင့် စစ်ကိုင်းတိုင်း၊ ခလရ (၈၉) (ကလေးမြို့) ခြေလျင်တပ်ရင်းတွင် တာဝန် ထမ်းဆောင်ခဲ့သည်။
●၁၉၈၈ ခုနှစ် တပ်မတော်မှ တိုင်းပြည်အာဏာ ရယူပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာန (ကြည်း) တွင် စစ်ဦးစီး ဗိုလ်မှူးကြီးနှင့် စစ်ဆင်ရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ယင်းနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ကို ချီးမြှင့်ခြင်းခံရသည်။ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်များ ဖွင့်လှစ်သည့်အခါ မှော်ဘီမြို့နယ်၊ ဖူးကြီး အခြေစိုက် စကခ (၄) တွင် တပ်မမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ် ဖြစ်ခဲ့သည်။

ဘီဘီစီသတင်းဌာနရဲ့ သတင်းတစ်ပုဒ်မှာတော့ ၁၉၈၈ ကာလအတွင်း နိုင်ငံတော်သမ္မတကြီးရဲ့ တာဝန်ထမ်းဆောင်မှုကို ယုံထင်ကြောင်ထင် ဖြစ်အောင် ဖော်ပြသလိုမျိုး ဖြစ်နေတာ တွေ့ရှိရပါတယ်။
နိုင်ငံတော်သမ္မတကြီးဟာ ၈၈ ကာလမှာ တောခိုဆေးကျောင်းသားတွေကို လိုက်လံခေါ်ယူပြီး မိဘများလက်ဝယ် ပြန်လည်အပ်နှံပေးခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကိုလည်း ယနေ့ ပြည်တွင်း ပုဂ္ဂလိက နာမည်ကြီး သတင်းဂျာနယ် တစ်စောင်မှာ ဖော်ပြခဲ့ဘူးပါတယ်။
ဘီဘီစီလို သတင်းဌာနကြီးအနေနဲ့ သတင်းဖော်ပြတဲ့အခါ သက်ဆိုင်ရာ အစိုးရဘက်၊ သက်ဆိုင်ရာတာဝန် ရှိသူများကို လိုအပ်သလို ဆက်သွယ် မေးမြန်းနိုင်တယ် ဆိုတာကို အဓိက သတိပြုသင့်ပါတယ်။
Photo Credit-BBC

No comments :

Post a Comment