-----------------------------------------------------------------
လက်ရှိ မြန်မာနိုင်ငံ တွင် ကျင့်သုံးနေသော တောင်သူလယ်သမား အခွင့်အရေးကာကွယ်သည့်ဥပဒေ ဆိုတာရှိပြီးသားပါ။လက်ရှိ ကျင့်သုံးဆဲ ၁၉၆၃- ခုနှစ်၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်သည့် ဥပဒေပါပဲ။၁၉၆၃- ခုနှစ်၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်သည့် ဥပဒေ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။

'' တောင်သူလယ်သမား အခွင့်အရေးကိစ္စ''
ဥပဒေ ။ ၁၉၆၃- ခုနှစ်၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်သည့် ဥပဒေ။
( ဥပဒေ အမှတ် ၉ / ၁၉၆၃ )
ပုဒ်မ ၃။ တည်ဆဲ အခြား ဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင် ရှိစေကာမူ တရားမရုံး တခုခု၏ ဒီကရီ သို့တည်းမဟုတ် အမိန့်ဖြင့် -
( က ) လယ်ယာမြေကိုသော်၎င်း၊ လယ်ယာမြေ လုပ်ကိုင်ရာ၌ အသုံးပြုသည့် ကျွဲ နွား နှင့် ကိရိယာ တန်ဆာပလာ၊
အခြားသက်ရှိ ကိရိယာ တန်ဆာပလာများကိုသော်၎င်း၊ လယ်ယာမြေ မှထွက်သော ပစ္စည်းများကိုသော်၎င်း၊
'' ဝရမ်းကပ်ခြင်း၊သိမ်းဆည်းခြင်း မပြုရ''။
( ခ ) လယ်ယာမြေကိုမလုပ်ကိုင်ရဟု သော်၎င်း၊ လယ်ယာမြေထဲသို့ မဝင်ရဟု သော်၎င်း၊'' တားဆီးခြင်း မပြုရ''။
( ဂ ) လယ်ယာမြေ ကို လုပ်ကိုင်သည့် ကျွဲ နွား နှင့် ကိရိယာ တန်ဆာပလာ၊ထွန်စက် နှင့် ကိရိယာ တန်ဆာပလာ
များကိုသော်၎င်း၊ အခြား သက်ရှိသက်မဲ့ ကိရိယာ တန်ဆာပလာများကိုသော်၎င်း၊ လယ်ယာမြေ မှထွက်သော ပစ္စည်းများကိုသော်၎င်း၊
'' မရွှေ့ မပြောင်းရ ဟု'' သို့တည်းမဟုတ် '' ရောင်းချ သုံးစွဲ ထုခွဲခြင်း မပြုရ'' ဟု '' တားဆီးခြင်း မပြုရ''။
( ဃ )'' အပိုဒ် ( က ) ( ခ ) ( ဂ ) ပါ ကိစ္စတစ်ခုခု နှင့် စပ်လျှဉ်း၍'' တောင်သူလယ်သမားတစ်ဦးဦးကို'' ဖမ်းဆီးခြုပ်နှောင်ခြင်း မပြုရ''။
( ၂ ) ပုဒ်မခွဲ ( ၁ ) ပါ ပြဌာန်းချက်များသည် -
( က ) အစိုးရက ရရန်ရှိသော ငွေများအတွက် အရေးယူသော ကိစ္စ၊ သို့တည်းမဟုတ်
( ခ ) အမွေဆက်ခံပိုင်ခွင့် နှင့် စပ်လျှဉ်း၍ အချင်းဖြစ်ပွါးသည့် ကိစ္စ၊ သို့တည်းမဟုတ်
( ဂ ) ငြိမ်ဝတ်ပိပြားရေးအတွက် အစိုးရက အရေးယူသည့် ကိစ္စ နှင့် မသက်ဆိုင်စေရ။
( ၃ ) ပုဒ်မခွဲ ( ၁ ) ပါ ပြဌာန်းချက်များသည် ကြက်ပေါင်စေး စိုက်ပျိုးသည့်မြေများ နှင့် မသက်ဆိုင်စေရ။
ဟု - တောင်သူလယ်သမား အခွင့်အရေးကိစ္စ'' အတွက် '' ၁၉၆၃- ခုနှစ်၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်သည့် ဥပဒေ
( ဥပဒေ အမှတ် ၉ / ၁၉၆၃ ) '' တွင် ပြဌာန်းထားပါသည်။
** မှတ်ချက်။ ။ အပြစ်မဲ့ မတရား ထောင်ကျနေသော တောင်သူလယ်သမားများ၊လက်ရှိအမှုရင်ဆိုင်နေရသော တောင်သူလယ်သမားများ၊
မတရား မြေသိမ်းခံရပြီးဘဝပျက်သွားသော တောင်သူလယ်သမားများအတွက် သိရှိရန်
စစ်တပ်၊ စစ်တပ် နှင့် ပေါင်းစားခရိုနီများ၊အာဏာအလွဲသုံးစားလုပ်နေသော အာဏာပိုင်များ အဓ္ဓမ မြေသိမ်းမှုမှလွတ်မြောက်ရန်အတွက် အထောက်အကူပြုရန် မေတ္တာ စေတနာအပြည့်ဖြင့် ဖော်ပြပေးလိုက်ပါသည်။
ထိန်လင်း ( ခ ) လင်းထိန် ( Burma Democratic Concern ( B D C ) , UK )

No comments :
Post a Comment