Wednesday, August 20, 2014

အော်ရီဒူးဆိုတာ မြန်မာတွေ အတွက် ဖက်ဆစ်ဘီလူး

ဒုတိယကမ္ဘာစစ် မတိုင်မီကမြန်မာနိုင်ငံ အင်္ဂလိပ်ကျွန် ဖြစ်နေတဲ့ အချိန်မှာ အင်္ဂလိပ်ကို ပြန်တွန်းလှန်ဖို့ ဂျပန် ရဲ့ အကူအညီကိုမြန်မာတွေ  ရယူခဲ့တယ်။

အကူအညီအဖြစ်ရောက်လာပြီး အင်္ဂလိပ်ကို မြန်မာနဲ့ အတူလက်တွဲ တိုက်ခဲ့တဲ့
ဂျပန်ဟာ ဖက်ဆစ်ဘီလူးဖြစ်နေပြန်တော့ ဒီဖက်ဆစ်ဂျပန်ကို မြန်မာတွေ ပြန်တိုက်ရပြန်တယ်။

အခု ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံမှာ ခေတ်သစ် ဖက်ဆစ်ဘီလူး  ကိုမြန်မာနိုင်ငံသားတွေ
ကြုံ တွေ့ နေရပြန်ပြီ။

အဲဒါကတော့ အော်ရီဒူးဆိုတဲ့ ဆက်သွယ်ရေးကုမ္ပဏီဘဲ။

MPT လို့ ခေါ်တဲ့ မြန်မာအစိုးရ ရဲ့ ဆက်သွယ်ရေးက မြန်မာနိုင်ငံသားတွေ အပေါ်
ရက်ရက်စက်စက် ခေါင်းပုံဖြတ်ခဲ့တာကို မခံနိုင်လို့ မြန်မာတွေဟာ နောက်ထပ်
 အားကိုးအားထားအဖြစ် အော်ရီဒူးကို အားကိုးခဲ့ကြတယ်။

သို့ ပေမယ် အူရီဒူး ဟာ နိုင်ငံတကာ စံနှုန်းနဲ့ ဂုဏ်သိက္ခာရှိစွာ လုပ်ကိုင်တဲ့ ကုမ္ပဏီ တစ်ခု
မဟုတ်ဘဲ မြန်မာနိုင်ငံသားတွေအပေါ် ဘယ်လိုခေါင်းပုံဖြတ်လို့ ရမလဲ ဆိုတဲ့ မူကို ဖက်ဆစ်
ဘီလူးတွေလိုဘဲကျင့်သုံးခဲ့တယ်။

မြန်မာနိုင်ငံမှာ အော်ရီဒူး က သတ်မှတ်ရယူနေတဲ့ အင်တာနက် အသုံးပြု နှုန်းထားဟာ
အိမ်နီးချင်းနိုင်ငံတွေမှာ ယူတဲ့ ဈေးနှုန်းထက်မြင့်နေတာ။

နောက်ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ တယ်လီနော ဈေးကွက် ထဲရောက်လာမှ
 ဈေးနှုန်းလျော့ချမှုလုပ်မယ်။
ဆိုတာတွေဟာ အဆင့်အတန်းရှိတဲ့၊ နံမည်နဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့
နိုင်ငံတကာ ကုမ္ပဏီတွေ ကျင့်သုံးတဲ့ မူမဟုတ်ဘူး။

အောက်တန်းကျတဲ့ ကုမ္ပဏီတွေကျင့်သုံးတဲ့ မူဖြစ်တယ်။

ဒါကြောင့် အော်ရီဒူးဟာ အောက်တန်းကျတဲ့ ကုမ္ပဏီဖြစ်တဲ့အတွက်
မြန်မာတွေဟာ ဖက်ဆစ်ဘီလူးကို ဖယ်ရှားသလို အော်ရီဒူးကို ဖယ်ရှားရတော့မှာဖြစ်တယ်။

1 comment :

  1. ကျွန်​​တော်​လည်း ​ပေါ်ကတည်းက အမျိုးမျိုးစမ်းပြီးသုံးတယ်​ဗျ၊သုံးစွဲသူတစ်​​သောက်​အ​နေနဲ့ အ​သေးစိတ်​သိထားချင်​တဲ့စိတ်​နဲ့​ပေါ့။နဲနဲစမ်းသုံးလိုက်​တာနဲ့ မဟန်​တာသိသွားတယ်​၊ဒီ​ကောင်​​တွေလူလည်​လုပ်​လွန်းတာသိသာလွန်းတယ်​၊တစ်​​လျှောက်ပဲ။Bonus ​ပေးတာကအစ.​စောက်​ချဉ်​ဆန်​လွန်းလို့။

    ReplyDelete